“မြင်းမူဒေသထွက် ဂျုံများ အရောင်းအဝယ်ကောင်းနေ”
16 Decမြင်းမူဘက်မှထွက်ရှိသည့် ဂျုံများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစား ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) သိရပါတယ်။ မြင်းမူဘက်မှ အရည်အသွေးကောင်းမွန်သည့်ဂျုံများ မန္တလေးဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာပြီး အဆိုပါဂျုံများကို မန္တလေးဈေးကွက်အတွင်းမှ ဝယ်ယူမှု ယခင်ကထက် ပိုမိုများပြားလာပြီး အရောင်းအဝယ်ကောင်းမွန် နေခြင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန္တလေးဈေးကွက်အတွင်း ဂျုံပိဿာ ၆ဝ ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၂၀,၀၀၀ ဈေးရရှိနေပါတယ်။ ဒါ့အပြင် ပြည်တွင်းမှထွက်ရှိသော ဂျုံများကို ပြည်ပဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံမှလည်း ဝယ်ယူ လျက်ရှိနေကြောင်း သိရပါတယ်။ (NVS-004)
16 Dec