အမေရိကန်တာဝေးပစ်လက်နက်များ အသုံးပြုမှုအတွက် ယူကရိန်းကို ဒေါ်နယ်ထရမ့်ဝေဖန်မှု ရုရှား ကြိုဆို
16 Decရုရှားနယ်မြေများကို တိုက်ခိုက်ရာတွင် အမေရိကန်ထုတ် တာဝေးပစ် လက်နက်များ သုံးစွဲခဲ့မှုနှင့် ပတ်သက်ပြီး ယူကရိန်းကို ဝေဖန်ခဲ့သည့်အတွက် ရုရှားအစိုးရက ဒီဇင်ဘာလ ၁၄ ရက်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲအနိုင်ရ သမ္မတလောင်း ဒေါ်နယ်ထရမ့် ကို ချီးကျူးခဲ့ကြောင်း သိရသည်။ တိုင်းမ်မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒေါ်နယ်ထရမ့်သည် အမေရိကန်ထုတ် တဝေးပစ်လက်နက်များသုံး၍ ရုရှားပိုင်နက် နယ်မြေများအား ယူကရိန်းက တိုက်ခိုက်ခဲ့မှုကို ဝေဖန်ခဲ့သည်။ ရုရှားကို တိုက်ခိုက်ရေးအတွက် အမေရိကန်ထုတ် တာဝေးပစ်လက်နက်များအား ယူကရိန်း က အသုံးပြုခဲ့မှုမှာ ဆိုးရွားသည့်လုပ်ရပ်မျိုးဖြစ်ပြီး ယင်း လုပ်ရပ်ကြောင့် စစ်ပွဲပို၍ ပြင်းထန်လာနိုင်ကြောင်း တိုင်းမ်မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်း၌ ဒေါ်နယ် ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန် ရွေးကောက်ပွဲအနိုင်ရ သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ အဆိုပါရပ်တည်ချက်သည် ရုရှားနိုင်ငံ ၏ရပ်တည်ချက်နှင့် တစ်ထပ်တည်းကျကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းစစ်ပွဲ အခြေအနေ ပြင်းထန်လာမှု၏နောက်ခံအကြောင်းရင်းကို ဒေါ်နယ် ထရမ့်အနေဖြင့် ကောင်းစွာနားလည်ထားကြောင်းလည်း ဒီမီထရီ ပက်စကော့ဗ် က ပြောကြားခဲ့သည်။ ယူကရိန်း စစ်မြေပြင်၌ ရုရှားတပ်များ စစ်ရေးအရ အရေးသာလာခဲ့ပြီးနောက် ဒေါ်နဘ်ထရမ့်နှင့် အချို့သော ဥရောပ ခေါင်းဆာင်များက ယူကရိန်းစစ်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးလာခဲ့ကြကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။