“အထည်ချုပ်ကျွမ်းကျင်လုပ်သားရှားပါးမှုကြောင့် CMP စက်ရုံများမှာ အော်တိုစက်များ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့် အသုံးပြုလာဟုဆို”

16 Dec

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ခစားစနစ်နဲ့ ချုပ်လုပ်တဲ့ CMP (Cutting, Making and Packing) စက်ရုံ လုပ်ငန်းများမှာ အထည်ချုပ်ကျွမ်းကျင်လုပ်သား ရှားပါးမှုကြောင့် Actomatic စက်ကိရိယာများ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုလာတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များသင်း (MGMA)မှ သိရပါတယ်။ CMP လုပ်ငန်းတစ်ခုလုံးအတွက် ရှိရင်းစွဲဈေးကွက် မပျောက်စေရန်နှင့် ထုတ်လုပ်မှုစွမ်းအား လျော့ကျမသွားဖို့ အတွက် Fully Automatic Machine များကို စက်ရုံတွေမှာ အသုံးပြုလာကြပြီး အဆိုပါစက်များ သုံးစွဲလာမှုဟာ ယခုနှစ်နိုဝင်ဘာလမှစပြီး ၃၀ ရာခိုင်းနှုန်းအထိ မြင့်တက်လာကြောင်း MGMA အသင်းဝင် တစ်ဦးထံကနေ သိရပါ တယ်။ လက်ရှိမှာ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေကလည်း အထည်ချုပ်လုပ်ငန်းတွေ တိုးလာတဲ့အတွက် မြန်မာနိုင်ငံကလုပ်သားတွေကလည်း ရွှေ့ပြောင်းလုပ်ကိုင်တာတွေရှိကြောင်း၊ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံများမှာ အထည်ချုပ်လုပ်ငန်းများနဲ့ပတ်သက်ပြီး စီးပွားရေးဈေးကွက်ချဲ့ထွင်မှုတွေနဲ့ စက်မှုဇုန်များ ချဲ့ထွင်တည်ထောင်လာမှု တွေကြောင့် အထည်ချုပ်ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်တွင်း၌ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ခန့်ရှိပြီး အထည်ချုပ်လုပ်သား ၅ သိန်းခန့်အထိကို အလုပ်အကိုင် အခွင့်အလမ်းပေးထားနိုင်ကာ ရန်ကုန်တိုင်းဒေသကြီးမှာပင် အထည်ချုပ်လုပ်သား ၃ သိန်းကျော်ရှိသလို ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ လုပ်သားတစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ (NVS 004)

16 Dec

ADVERTISE HERE .