"အခုဘဏ္ဍာနှစ် ၈ လနီးပါးအတွင်းပြည်ပကို ပဲမျိုးစုံ တန်ချိန်၁သန်းကျော် တင်ပို့ခဲ့"

16 Dec

အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ နိုဝင်ဘာ၂၈ရက်အထိ ၈လနီးပါးအတွင်း ပြည်ပကို ပဲမျိုးစုံ ၁ ဒသမ ၃၉ သန်း တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များ အသင်းက‌နေ သိရပါတယ်။ တန်ဖိုးအနေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံနီးပါးဖိုး တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံတင်ပို့ရာမှာ အိန္ဒိယနိုင်ငံကိုအများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံကို ဒုတိယအများဆုံး တင်ပို့ထားကာ ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေကိုလည်း တင်ပို့ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကတော့ ပြည်ပကို ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းနီးပါး၊ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခွဲနီးပါးဖိုး တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ (NVS 004)

16 Dec

ADVERTISE HERE .