မန်စီးတီးအသင်းက နောက်ခံလူ ဒီယက်စ်ကို ရောင်းထုတ်ရန် စီစဉ်နေဟု သိရ
15 Dec
အသက် ၂၇ နှစ်အရွယ်ရှိ ဒီယက်စ်သည် ၂၀၂၀ နွေရာသီတွင် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ မန်စီးတီးအသင်းသို့ ပေါင် ၆၁ ဒသမ ၆၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဒီယက်စ်ဟာ မန်စီးတီး အသင်း နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး မန်စီးတီးအသင်းကလည်း အသင်း၏ခံစစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ရန် အလိုရှိနေခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းသည် အင်္ဂလန်နောက်ခံလူတစ်ဦး ခရစ္စတယ်ပဲလေ့စ်ကစားသမား ဂူဟီ ကို ဇန်နဝါရီ အပြောင်းအရွှေ့တွင် ခေါ်ယူရန် ပစ်မှတ်ထားတာကြောင့် ရရှိခဲ့ပါက ဒီယက်စ် ကို ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
15 Dec