၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန်ခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဉ်ရေးဆွဲမှု ပြုလုပ်ခဲ့

15 Dec

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန်ခြေစစ်ပွဲကို အုပ်စု ၁၂ ခု ခွဲထားပြီး UEFA Nations League ကွာတားဖိုင်နယ်ရောက်ရှစ်သင်းမှာ အုပ်စုအတည်မဖြစ်သေးဘဲ အနိုင်အရှုံးရလဒ်အပေါ် မူတည်ကာ သက်ဆိုင်ရာအုပ်စုမှာ ကျရောက်မှာ ဖြစ်ပါတယ်။ ဥရောပမှ ဝင်ခွင့်ရရှိတဲ့ ၁၆ နေရာအနက် အုပ်စု ၁၂ ခုမှ ထိပ်ဆုံး ၁၂ သင်း ခြေစစ်ပွဲတိုက်ရိုက် အောင်မြင် မှာဖြစ်ပြီး ဒုတိယရတဲ့အသင်း ၁၂ သင်းမှာ UEFA Nations League အဆင့်သတ်မှတ်ချက် အမြင့်ဆုံး လေးသင်း နှင့် ပေါင်းကာ စုစုပေါင်း ၁၆ သင်းဖြစ်ရန် လက်ကျန်လေးနေရာအတွက် play-off ထပ်မံကစားသွားရမှာ ဖြစ်ပါ တယ်။ နာမည်ကြီးအင်္ဂလန်အသင်းက အုပ်စု K တွင် ဆားဘီးယား၊ အယ်လ်ဘေးနီးယား၊ လတ်ဗီးယား၊ အန်ဒိုရာ အသင်းများနှင့်အတူ ကျရောက်ခဲ့ပါတယ်။(NVS 008)

15 Dec

ADVERTISE HERE .