အမျိုးသားကန်တော်ကြီး ဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ဖွင့်ပွဲ ကျင်းပ

15 Dec

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ် နှစ် ၁၀၀ ပြည့် နှင့် (၁၇) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်တွင် ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲ အခမ်းအနားကို အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အဖွင့်သီချင်းနှင့် အကတို့ဖြင့် ဂုဏ်ပြုတင်ဆက် ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစဟကား ပြောကြားခဲ့ ပါတယ်။ အမျိုးသားဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်၊ ပြင်ဦးလွင်တပ်နယ်ရှိ တာဝန်ရှိသူနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြီးနောက် တေးသံရှင်များက တေးသီချင်းများ၊ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ အဆိုပါ အမျိုးသားကန်တော်ကြီး ဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

15 Dec

ADVERTISE HERE .