ထိုင်းနိုင်ငံ၌ ပွဲတော်တစ်ခုအတွင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံးလူသုံးဦး သေဆုံး
15 Decထိုင်းနိုင်ငံမြောက်ပိုင်းရှိ တက်ပြည်နယ်၌ ကျင်းပသော ပွဲတော်တစ်ခုတွင် လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းကြောင့် အနည်းဆုံးလူသုံးဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု ခရိုင် ရဲမှူးကြီးတစ်ဦးက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုသည် အွမ်ဖန်ခရိုင်၌ ကျင်းပလျက်ရှိသော ကြက်ခြေနီပွဲတော် တွင် ဒီဇင်ဘာလ ၁၃ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခြင်း ဖြစ်ပြီး ထိုတိုက်ခိုက်မှုနှင့် ပတ်သက် ၍ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်သည်။ တိုက်ခိုက်မှုကို ကျူးလွန်သူများသည် စတိတ်စင်တာတစ်ခုရှေ့မှ ဒေသခံပြည်သူများကြားထဲသို့ ပစ်ပေါက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၄၈ ဦးအထိ ရှိသည်ဟု ရဲဒုတိယဗိုလ်ချုပ်ကြီး ကရေသောင်းက ပြောသည်။ ယခုဖြစ်ပွားသော တိုက်ခိုက်မှုက လက်ရှိဖြစ်ပွားနေဆဲဖြစ်သော လူငယ်အုပ်စုများ ကြား ပဋိပက္ခနှင့် ဆက်နွှယ်နေကြောင်း၊ ထိုပဋိပက္ခသည် ထိုင်းနိုင်ငံ၌ ကျင်းပသော ရေသဘင်ပွဲတော်မှအစပြု ခြင်းဖြစ်သည်ဟု ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသည့် အဆိုပါ ကြက်ခြေနီ ပွဲတော်ကို လူပေါင်း ၈,၀၀၀ မှ ၉,၀၀၀ ကြား တက်ရောက်လေ့ ရှိကြောင်း Bangkok Post ၏ ဖော်ပြ ချက်အရ သိရသည်။