အလုပ်သမားဝန်ကြီးဌာနမှ OWIC ကတ် တစ်သိန်းရှစ်သောင်းကျော် ပြုလုပ်ပေးပြီးဖြစ်ဟုဆို
14 Decအလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း ၁၈၁,၈၉၉ ဦး ကို OWIC ကတ် ပြုလုပ်ပေးကာ ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများ အနေ သည် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပါတယ်။ ပထမဦးဆုံး OWIC ကတ်ပြုလုပ်မည့်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရန် လိုအပ်ပြီး သင်တန်းတက်ရောက်ခွင့်ရရန် နေပြည်တော် အလုပ်သမားရုံးချုပ်သို့ တင်ပြရမည်ဖြစ်ပါတယ်။ OWIC ကတ် ထုတ်မည်ဆိုပါပ သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်အပြင် Visa နှင့် အခြားလိုအပ်သည့် စာရွက်စာတမ်း မူရင်းများကို တင်ပြနိုင်မှသာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 003)