“အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေး”

13 Dec

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂ဝ၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှုနှင့် ဆိုင်တဲ့ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်က နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြန်မာ့မီးရထား၊ မြို့ပြနှင့်အင်ဂျင်နီယာဌာန လက်ထောက်အင်ဂျင်နီယာရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရ ပါတယ်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြပို က အဖွင့်အမှာစကားပြော ကြားခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် အလုပ်ခွင်အတွင်း မတော်တဆထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ထုတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား၊ မြို့ပြအင်ဂျင်နီယာ ဌာနမှ အာမခံအလုပ်သမား ဝန်ထမ်းတစ်ဦးကို လုပ်ငန်းအတွင်းထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု ၁၀၀ ရာခိုင် နှုန်းနှင့် အမြဲမပြတ်ပြုစုစောင့်ရှောက်ရန် ၁၀ ရာခိုင်နှုန်း၏ ၉ နှစ်စာအတွက် ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၁၁,၉၇၅,၄၀၀ ကို ဒီဇင်ဘာလ ၁၁ ရက်က အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)

13 Dec

ADVERTISE HERE .