“WBC ဥက္ကဋ္ဌထပ်ဖြစ်ခဲ့တဲ့ ဆူလိုင်မန်း”

13 Dec

ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC) အဖွဲ့ချုပ်ရွေးကောက်ပွဲကို ဂျာမနီနိုင်ငံ ဟမ်းဘတ်စ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ရာ မက္ကဆီကိုနိုင်ငံသား ဆူလိုင်မန်း အနိုင်ရရှိခဲ့တာကြောင့် WBC ဥက္ကဋ္ဌအဖြစ်ဆက်လက် တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ WBC က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် ဆူလိုင်မန်း ဟာ ၂၀၁၄ ခုနှစ်ကနေစတင်ကာ WBC ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး လေးနှစ်တစ်ခါရွေးချယ်တဲ့ ရွေးကောက်ပွဲတွေမှာ ဆက်တိုက်အနိုင်ရရှိနေတာ ဖြစ်ပါတယ်။ အခုအနိုင်ရရှိခဲ့တဲ့ ဆူလိုင်မန်း ဟာ WBC လောကကို ပိုမိုတိုးတက်လာအောင် ကြိုးစားပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆူလိုင်မန်း ဟာ WBC ဥက္ကဋ္ဌမဖြစ်မီကလည်း WBC မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ (NVS 008)

13 Dec

ADVERTISE HERE .