“မန်စီးတီးအသင်းကနေ ထွက်ခွာပါက အခြားအသင်းတွေမကိုင်တွယ်တော့ဘဲ အနားယူသွားမှာလို့ဆိုတဲ့ ဂွါဒီယိုလာ”
13 Dec
မန်စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာ က အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီး လမ်းခွဲခဲ့ပါက အခြားအသင်းများကို ဆက်လက်ကိုင်တွယ်မှာမဟုတ်ဘဲ နည်းပြဘဝကနေ အနားယူသွားမယ်လို့ ပြောကြားခဲ့ ပါတယ်။ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာ ဟာ ၂၀၀၇ ခုနှစ်မှာ ဘာစီလိုနာအရန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ ဘာစီလိုနာအသင်းကို စတင်ကိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာ ဟာ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဘိုင်ယန်မြူးနစ် အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ဆုဖလားများစွာရယူနိုင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ အနေနဲ့ မန်စီးတီးအသင်းကို ပရီးမီးယား လိဂ်သာမက ဥရောပရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ဆုဖလားများကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တို့ရဲ့ စာချုပ်ကုန်ဆုံးခဲ့ပေမယ့် မန်စီးတီးအသင်း က ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ (NVS 008)