ချန်ပီယံလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့တဲ့ အမ်ဘာပေ
13 Decရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲလ်အသင်းနဲ့ အတ္တလန်တာအသင်းတို့ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံသွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ အမ်ဘာပေ ဟာ ပထမပိုင်း ၁၀ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် ပွဲချိန် ၃၅ မိနစ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် လူစားလဲခဲ့ရပါတယ်။ အမ်ဘာပေ ဟာ အခုရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ အမ်ဘာပေ ဟာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲကစားထားပြီး သွင်းဂိုး ၁၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ၇၉ ပွဲမှာ သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ (NVS 008)