“ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်း”
13 Decပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းက စပိန်ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဂျီရိုနာအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံအမှတ်ပေးဇယားထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အိမ်ရှင် ဂျီရိုနာအသင်းက လီဗာပူးလ်အသင်းကို အကောင်းဆုံးတုံ့ပြန် ကစားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းဟာ ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး ဆာလတ် က သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ လီဗာပူးလ်အသင်းက အိမ်ရှင် ဂျီရိုနာအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီး လက်ရှိရာသီ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နဲ့ ချန်ပီယံလိဂ်အမှတ်ပေး ဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
13 Dec