“ယူကရိန်းနိုင်ငံက အမေရိကန်ထုတ် တာဝေးပစ်ဒုံးကျည်များ သုံး၍တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်မည် ဖြစ်ကြောင်း ရုရှားသတိပေး”

13 Dec

ရုရှားပိုင်နက် နယ်မြေများကို တိုက်ခိုက်ရန် ယူကရိန်းက အမေရိကန်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်များ ထပ်မံ သုံးစွဲခဲ့မှုအတွက် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှားအစိုးရက ဒီဇင်ဘာလ ၁၂ ရက်တွင် သတိပေးလိုက် သည်။ ယူကရိန်းနိုင်ငံသည် အဇော့ပင်လယ်ဒေသရှိ ရုရှားတပ်မတော်လေယာဉ်ကွင်း တစ်ကွင်းကို အမေရိကန် နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်ခြောက်စင်းဖြင့် ဒီဇင်ဘာလ ၁၁ ရက်တွင် တိုက်ခိုက်ခဲ့သည်။ အနောက်အုပ်စုထုတ် တာဝေးပစ်လက်နက်များဖြင့် ရုရှားနိုင်ငံအား တိုက်ခိုက်မှုမှန်သမျှကို လက်တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာလ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် ယူကရိန်းက ဒီဇင်ဘာလ ၁၁ ရက်၌ တိုက်ခိုက်မှုကို ရုရှားနိုင်ငံမှ ကျိန်းသေပေါက် လက်တုံ့ပြန်မည် ဖြစ်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် ကလည်း ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြား ခဲ့သည်။ ယူကရိန်းနိုင်ငံသည် ယခုနှစ် နိုဝင်ဘာလ ကလည်း အမေရိကန်ထုတ် တာဝေးပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ ရုရှားနိုင်ငံက အော်ရက်ရှ်နစ်ခ် တာလတ်ပစ် ဟိုက်ပါဆိုးနစ်ဒုံးကျည်ဖြင့် တုံ့ပြန်ခဲ့သည်။ ဒီဇင်ဘာလ ၁၁ ရက်တိုက်ခိုက်မှုအတွက် ရုရှားနိုင်ငံက ယူကရိန်းအား မည်သို့တုံ့ပြန်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

13 Dec

ADVERTISE HERE .