“နေပြည်တော်မှာ အဆင့်မြင့်အိမ်ရာစီမံကိန်း ဖော်ဆောင်မည်”

13 Dec

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေရာ ၃ နေရာမှာ အဆင့်မြင့်အိမ်ရာစီမံကိန်းအဖြစ် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ကနေ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဆိုပါအဆင့်မြင့်အိမ်ရာစီမံကိန်းကို ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းအရှေ့ဘက် သုခတော်ဝင် အိမ်ရာအနီးမှာ တစ်နေရာ၊ ပျဉ်းမနား-တောင်ညိုလမ်း အရှေ့ဘက် DENKO စက်သုံးဆီအရောင်းဆိုင်အနီးမှာ တစ်နေရာနဲ့ ဓနသိဒ္ဒိရပ်ကွက်၊ တော်ဝင်သီရိလမ်း အနောက်ဘက်မှာ နေရာတစ်ခု ဖော်ဆောင်မှာဖြစ်ပါတယ်။ အဆိုပါနေရာတွေမှာ စီမံကိန်းအဖြစ် မြေဧရိယာတွေ သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းတွေ အတွက် စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်၊ကုမ္ပဏီတွေကိုလည်း စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest ကို တရားဝင်ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ အဆိုပြုလွှာပုံစံကို ဒီဇင်ဘာလ ၁၂ ရက်ကစတင်ပြီး ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူများပြသကာ လာရောက်ဝယ်ယူနိုင်ပြီး ဒီဇင်ဘာလ ၃၁ ရက်မှာ နောက်ဆုံး ထားတင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

13 Dec

ADVERTISE HERE .