“ဩစတြေးလျရှိ ဓာတ်ခွဲခန်းမှ ဗိုင်းရပ်များပါသည့် ပြွန် ၃၀၀ ကျော် ပျောက်ဆုံးမှု အလွန်စိုးရိမ်ရ”

12 Dec

ဩစတြေးလျနိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုမှ လူပေါင်းများစွာကို သေစေတတ်သော ဗိုင်းရပ်များ ပါဝင်သည့် ပြွန် ၃၀၀ ကျော် ပျောက်ဆုံးမှုသည် အလွန်စိုးရိမ်ရသည့်ကိစ္စဖြစ်ကြောင်း ထိုင်းနိုင်ငံမှနာမည်ကျော် ဦးနှောက်နှင့် အာရုံကြောပါရဂူ ဒေါက်တာ သီရာဝပ် ဟီမာချူဒါ က လူမှုကွန်ရက်မှတစ်ဆင့် သတိပေးထားသည်။ ပျောက်ဆုံးနေ သော အလွန်မြင့်မားလှသည့် ဇီဝလုံခြုံရေးအဆင့်အတန်းဖြင့် ထိန်းသိမ်းရမည့် လစ်ဆာဗိုင်းရပ်နှင့် ဟန်တာဗိုင်းရပ် တို့ပါဝင်နေသောကြောင့် မသမာသူများလက်ဝယ်သို့ ရောက်သွားပါက အလွန်အန္တရာယ်များကြောင်း ဒေါက်တာ သီရာဝပ် က ပြောသည်။ ထို့ပြင် ဩစတြေးလျ ဓာတ်ခွဲခန်းအနေဖြင့် ဗိုင်းရပ်များကို ကိုင်တွယ်ထိန်းသိမ်းမှုအပေါ် မေးခွန်းထုတ်ဖွယ် ရာ ဖြစ်နေသည်ဟု ရောဂါပိုးမွှားကျွမ်းကျင် ပညာရှင်များ ကပြောသည်။ ထိုဗိုင်းရပ်များပါသည့် ပြွန်များ ပျောက်ဆုံး မှုသည် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခြင်း ဖြစ်သော်လည်း တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် ဩဂုတ်လမှအတည်ပြုထား ကာ လက်ရှိအချိန်အထိ မတွေ့ရှိသေးကြောင်း ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်လာခြင်း ဖြစ်သည်ဟု NT သတင်းဌာနတွင် ဖော်ပြထားသည်။

12 Dec

ADVERTISE HERE .