မုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄) ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲကျင်းပ

12 Dec

မုံရွာမြို့၊ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄) ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ် နတ်တော်လဆန်း ၁၁ ရက်၊ ဒီဇင်ဘာလ ၁၁ ရက်မှစတင်၍ လယ်တီကျောက်စာတိုက်ကြီးအတွင်း လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိပါတယ်။ ၁၃၈၆ခု၊ နတ်တော်လဆန်း ၁၃ ရက် ၊ဒီဇင်ဘာလ ၁၃ ရက်တွင် ကျရောက်သော ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄) ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နတ်တော်လဆန်း ၁၁ ရက်၊ ၁၂ ရက် နှင့် (၁၃) ရက်များတွင် နေ့စဥ်နံနက် ၇နာရီမှ ည ၇ နာရီအထိ မဟာလယ်တီကျောင်းတိုက် သံဃာတော်များက လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိပါတယ်။ နတ်တော်လဆန်း ၁၂ ရက်ညပိုင်းမှာ ကျောက်စာတိုက်ဂေါပကအဖွဲ့နှင့် ဒါယကာ၊ဒါယိကာမများ က လည်းကောင်း၊ နတ်တော်လဆန်း ၁၃ ရက်ညတွင် မဟာလယ်တီကျောင်းတိုက် ဒသမပဓာနနာယကဆရာတော်နှင့် မဟာလယ်တီစာချနာယက စာချဘုန်းကြီး ကျောင်းဘုန်းကြီးများကလည်းကောင်း မဟာလယ်တီ ကျောက်စာတိုက် ဓမ္မစေတီများကို ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ကြမယ်လို့ သိရပါတယ်။ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄) ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ဆွမ်းဆန်တော် လောင်းလှူပွဲကို အကြောင်းအမျိုးမျိုးကြောင့် ယခုနှစ်တွင်လည်းမကျင်းပဖြစ်သေးကြောင်း မုံရွာမြို့မဟာလယ်တီ ကျောင်းတိုက် ဒသမပဓာနနာယကဆရာတော်ဘုရားနှင့် မဟာလယ်တီ စာချနာယက စာချဘုန်းကြီးကျောင်း ဘုန်းကြီးများရဲ့ နိုဝင်ဘာလ ၃၀ ရက် ညနေ ၄ နာရီအချိန် အစည်းအဝေးဆုံးဖြတ်ချက်အရ သိရပါတယ်။ (NVS 004)

12 Dec

ADVERTISE HERE .