“ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်ကို ၃ လအတွင်း အပြီးလျှောက်ရမည်”

12 Dec

ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေနဲ့ လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အထိ သုံးလအတွင်း အပြီး လျှောက်ထားရမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန် ထားပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာ အမှတ်၊ ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃၀ ရက်က အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၆ ရက်မှ စတင်ပြီး ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate)ဖြင့် နေ့စဉ်ထုတ်ပြန်လျက်ရှိတဲ့ ဈေးနှုန်းအတိုင်း ရောင်းဝယ်ကြရန်၊ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အတွင်း သတ်မှတ်ထားတဲ့အချိန် ၃ လအတွင်းလျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိသူများအား အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004 )

12 Dec

ADVERTISE HERE .