ဘလူးဘယ်ရီသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေ

11 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ဘလူးဘယ်ရီသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားပါမယ်။ ဘလူးဘယ်ရီသီးက antioxidants အလွန်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် ကျန်းမာရေးကို အလွန် အထောက်အကူပြုပါတယ်။ ဘလူးဘယ်ရီသီးရဲ့ အသီးနဲ့အရွက်မှာ အဓိကပါဝင်တဲ့ Proanthocyanidin (PAC) က ဓာတ်တိုးပစ္စည်းတွေကို ရှင်းလင်းပေးနိုင်တဲ့အတွက် ကင်ဆာဆဲလ်တွေ ပွားများပြန့်နှံ့ခြင်းကို တားဆီး ကာကွယ်ပေးနိုင်ပါတယ်။ PAC က အသည်းရောင်အသားဝါ စီ ဗိုင်းရပ်စ်ပိုးရဲ့ RNA ဗီဇပွားများမှုကို အဓိက ဟန့်တားပေးနိုင်တာကြောင့် စီပိုးပွားများမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ အသည်းရောင်ခြင်းကြောင့်ဖြစ်တဲ့ အသည်းအင်ဇိုင်း မြင့်တက်ခြင်းကို လျှော့ချပေးတဲ့အတွက် အသည်းရောင်ခြင်း၊ အသားဝါ စီပိုးနဲ့ နောက်ဆက်တွဲ အသည်းရောဂါတွေ မဖြစ်အောင် အထောက်အကူ ပြုပါတယ်။ PAC ဟာ ရောင်ရမ်းမှုတွေကိုပါ လျှော့ချပေးပြီး နာကျင်မှုတွေကိုလည်း သက်သာစေပြီး Vitamin C ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနဲ့ အာရုံကြောတွေကို ကောင်းမွန်စေပြီး အသားအရေကိုလည်း လှပစေပါတယ်။ ဒါ့အပြင် PAC နဲ့ Vitamin C တို့က ကော်လဂျင် ထုတ်လုပ်နိုင်မှုကို တိုးမြှင့်ပေးတဲ့အတွက် အရိုးအဆစ်နဲ့ အသားအရေကိုလည်း အထောက်အကူ ပြုပါသေးတယ်။ ဘလူးဘယ်ရီသီးမှာ antioxidants မြင့်မားစွာပါဝင်ပြီး သွေးတိုးကိုလည်း လျော့ကျစေပါတယ်။ (NVS 003)

11 Dec

ADVERTISE HERE .