“တနင်္သာရီတိုင်းဒေသကြီး၌ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

11 Dec

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၀ ရက်က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အလံတင်ခြင်းအခမ်းအနား၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ညနေပိုင်းတွင် စတိတ်ရှိုးတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး မွေးမြူရေးပြိုင်ပွဲ၊ အသီးအနှံပြိုင်ပွဲ၊ ပန်းပြိုင်ပွဲများလည်း ထည့်သွင်းဆောင်ရွက် ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပို့ဆောင်ရေး၊ စစ်ရေးပြလုပ်ငန်း၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ပြခန်းများ ခင်းကျင်း ပြသရေး၊ သစ်သီးဝလံများပြိုင်ပွဲကျင်းပရေး၊ မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေးစတဲ့ လုပ်ငန်း ကော်မတီအလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

11 Dec

ADVERTISE HERE .