“နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း Quick Impact Projects ဖြင့်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး”
11 Decမြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအရ နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့တွင် အခြေခံအဆောက်အဦ(လမ်း/တံတား)၊ ပညာရေးနှင့်ကျန်းမာရေး စတဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် အိန္ဒိယသမ္မတနိုင်ငံ၏အကူအညီဖြင့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ Quick Impact Projects (QIPs)အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ သည့် လဟယ်မြို့နယ် တိုက်ရံကျေးရွာအနီး ကုန်းမြင့်လယ်ယာဘက်စုံသုံးခန်းမ ၆၀x၃၀x၁၂ ပေ RC တစ်ထပ် ဆောက်လုပ်ခြင်း၊ ပေ ၂၀ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းနှင့် ၅x၅x၂၆ ပေ Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။ အဆိုပါ ပေ ၂၀ ကွန်ကရစ်တံတားနှင့် Box Culvert များတည်ဆောက်ပေးနိုင်မှုကြောင့် လဟယ်မြို့နယ် လဟယ်-တိုက်ရံ-ဆပ္ပလော်နောက်ကုန်း-ဆော်လော်နောက်ကုန်း-ပုံညိုနောက်ကုန်းလမ်းပေါ်ရှိ ဒေသခံကျေးရွာပေါင်း ခြောက်ရွာ၊ အိမ်ခြေ ၁,၃၄၈ အိမ်၊ လူဦးရေ ၇,၇၉၁ ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအကျိုးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)