“ဆာလတ် ကို ခေါ်ယူမယ်လို့ဆိုတဲ့ သတင်းများက မှန်ကန်မှုမရှိဘူးလို့ငြင်းဆိုခဲ့တဲ့ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ”
11 Decပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီ က လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလတ် ကို ခေါ်ယူ မယ်ဆိုတဲ့သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြောဆိုခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆာလတ် ဟာ ယခုရာသီကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ လီဗာပူးလ်အသင်းက စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုမရှိသေးတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ဆာလတ် ကို ၂၀၂၅ နွေရာသီမှာ ခေါ်ယူရန်အသင့်ရှိနေပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း မီဒီယာအချို့က ဖော်ပြခဲ့မှုကို ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌက ငြင်းဆန်ကာ မှန်ကန်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။ အယ်လ်ခီလိုင်ဖီ က ဆာလတ် ဟာ ခြေစွမ်းအလွန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်ကြောင်း၊ အမှန်အတိုင်းဝန်ခံရရင် ဆာလတ် ကိုခေါ်ယူဖို့ ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်းမရှိကြောင်း၊ ဆာလတ် လို ကစားသမားမျိုးကို အသင်းတိုင်းက လိုချင်ကြမှာဖြစ်ကြောင်းနဲ့ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေကတော့ မှန်ကန်မှုမရှိကြောင်း ပြောခဲ့ပါတယ်။ (NVS 008)