“ရန်ကုန်-မြိတ် လေကြောင်းခရီးစဉ် တစ်ရက်ခြား ပျံသန်းမည်”
11 Decရန်ကုန်-မြိတ် လေကြောင်းခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်ကစပြီး ၃ ရက်ကြာ ယာယီပိတ်ထားခဲ့ပေမဲ့ လက်ရှိမှာတော့ တစ်ရက်ခြား ပြန်လည်ပျံသန်းပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ရန်ကုန်-မြိတ်လက်မှတ်အရောင်းဌာနတွေ ကနေ သိရပါတယ်။ ပုံမှန်ဆိုရင် ရန်ကုန်-မြိတ်ခရီးစဉ်တွေကို Air KBZ လေကြောင်းလိုင်းကနေစဉ်ပျံသန်းနေပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းက အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်းနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ မြိတ်လေဆိပ်ကွင်းပြုပြင်နေတာကြောင့် ခရီးစဉ်ကို ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်တယ် လို့သိရပါတယ်။ အခုနှစ်အတွင်း မြိတ်ဒေသခံတွေအနေနဲ့ ရန်ကုန်-မြိတ်-ကော့သောင်း ကားလမ်းမမှာ နယ်မြေ မတည်ငြိမ်မှုများကြောင့် လေကြောင်းခရီးစဉ်ကို အဓိကအားထားနေတာ ဖြစ်ပါတယ်။ မြိတ်လေကြောင်းခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၇ ရက်ကနေ ၉ရက်နေ့အတွင်း လက်မှတ်ဖြတ်ထားတဲ့ ခရီးသည်တွေကိုတော့ ခရီးစဉ်ယာယီဖျက်သိမ်းလိုက်တဲ့အတွက် လက်မှတ်ဖိုးပြန်အမ်းပေးတာတွေ၊ ခရီးစဉ်ပြန်ချိန်း ပေးတာတွေ လုပ်ပေးခဲ့ရတယ်လို့ ရန်ကုန်-မြိတ်လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။ (NVS 004)