“နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ ၂၀၂၅ အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထား”

11 Dec

ဟောင်ကောင်မြို့၊ Hong Kong Convention and Exhibition Centre မှာ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပမယ့် နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ ၂၀၂၅ အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ အသိပေးထားပါတယ်။ အဆိုပါ နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ (ITE) က ဟောင်ကောင်ဒေသအပါအဝင် မဟာပင်လယ်ကွေ့ဒေသ အခြေစိုက် လုပ်ငန်းများ၊ နိုင်ငံတကာမှ လုပ်ငန်းများ ပါဝင်ပြသကြပြီး ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ITE မှာပါဝင်ပြသသူ ၅၁၅ ဦး၊ ကုန်သည်များလာရောက်မှု ၇၀၂၃ ဦး နှင့် ပြပွဲလာရောက်သူ ၆ သောင်း ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယင်းပြပွဲအတွက် ပြခန်းငှားရမ်းမှုများနှင့်စပ်လျဉ်းသည့်အသေးစိတ်အချက်အလက်များကို www.itehk.com မှာဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြခန်းငှားရမ်းခကို ၂၀၂၅ ခုနှစ်၊ ပြခန်းခပေးချေမှု အစောဆုံး ပြုလုပ်သူများအတွက် ၁၅ ရာခိုင်နှုန်း သက်သာမှုရရှိမှာ ဖြစ်ပါတယ်။ ‌ဟောင်ကောင်ဒေသ နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ - ၂၀၂၅ သို့ ပါဝင်ပြသလိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

11 Dec

ADVERTISE HERE .