“ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မည်”
11 Decရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် လုံးတော်ပြည့် ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးလုပ်ငန်းကို လာမည့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရေး ဦးစီးကော်မတီကနေ သိရပါတယ်။ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးနှင့် အရန်စေတီတော်များကို ရွှေစင်ရွှေပြား ကြေးဘောင်ကြေးပြားနှင့် မျက်ပါးရွှေဆိုင်း ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိရာ လက်ရှိအချိန်မှာ လုံးတော်ပြည့် ငြမ်းစေတီတည်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ရွှေသင်္ကန်းကပ်လှူမည့်ရက်ကို ၂ဝ၂၅ခု နှစ် ဇန်နဝါရီလ ၁ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရာတွင် ပင်မစေတီတော်ကြီးသာမက၊ အရံစေတီများနှင့် စေတီတော်ရင်ပြင်ရှိ စေတီငယ်များအားလုံးကိုပါ တစ်ပြိုင်တည်း ရွှေချပူဇော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးကို ရထားပျံနဲ့ ရွှေသင်္ကန်းတော် ကပ်လှူပူဇော် ခြင်းကို လာမည့်ဇန်နဝါရီလ ၁ ရက်မှာ စတင်ကပ်လှူပူဇော်ရန်စီစဉ်ထားရှိပြီး လုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူခြင်းလုပ်ငန်းမှာ ၂ဝ၂၅ ခုနှစ် ဧပြီလကုန်တွင်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၂၅ ခုနှစ် မေလအတွင်း စေတီတော်မြတ်ကြီးကို ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် စုပေါင်း ရေစက်ချအောင်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)