“အောင်ပန်းမြို့မှာ သီးနှံကုန်စည်ပြပွဲ ကျင်းပမည်”

11 Dec

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ ငရုတ်၊ ကြက်သွန်နဲ့ ချင်းသီးနှံ ကုန်စည်ပြပွဲကို ကလော မြို့နယ်၊ အောင်ပန်းမြို့တို့မှာ ၁၅ ရက်တစ်ကြိမ် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြပွဲကို ကလော၊ အောင်ပန်း၊ ပင်းတယနဲ့ပင်လောင်းဒေသရှိ တောင်သူတွေအနေနဲ့ အစုအဖွဲ့လိုက် ရောင်းဝယ် တတ်စေဖို့၊ ဈေးကွက်ကောင်းရရှိစေဖို့အတွက် အဓိကရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါပြပွဲမှာ ဝယ်ယူသူတွေအနေနဲ့ တောင်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်တဲ့အပြင် တောင်သူတွေနဲ့အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်တွေဈေး ကောင်းရရှိစေဖို့အတွက် အခြေခံဈေးနှုန်းတွေကိုလည်း သတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တောင်သူတွေအတွက် စိုက်ပျိုးနည်းပညာတွေ၊ ဒေသမျိုးသန့်မျိုးစေ့တွေ၊ ဆိုလာရေသွင်းစက်တွေ၊ မြေသြဇာတွေနဲ့ စိုက်ပျိုးစရိတ်ကြိုတင် ထုတ်ပေးတဲ့ဝန်ဆောင်မှုတွေကိုပါ တစ်နေရာတည်းမှာရရှိနိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်တွေနဲ့လည်း အလွယ်တကူချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

11 Dec

ADVERTISE HERE .