ကုန်ဈေးနှုန်းသတင်း ၁၀.၁၂.၂၀၂၄
10 Decဒီဇင်ဘာလ ၁၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ပဲတီစိမ်း၊ စားတော်ပဲနဲ့ ပြောင်းဆန်ဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဈေးတွေ ဈေးငြိမ်နေသလို ထန်းလျက်နဲ့ သကြားဈေးတွေလည်း ဈေးငြိမ်နေပါတယ်။ အာလူးဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၁,၇၂၈ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၂၃,၇၈၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၇၇၅ ကျပ်ကနေ ၅,၈၁၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၁၅,၂၉၆ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၆,၃၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၁၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၈၃၀ ကျပ်ကနေ ၈,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၁,၆၈၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ ပဲပုပ် မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၅၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၈၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးရွှေကြီး တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၇၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၄၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၆၅ ကျပ်၊ မန္တလေးမှာ ၃,၁၄၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၂၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၈၀ ကျပ်၊ မန္တလေးမှာ ၃,၂၆၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၃၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၃၀ ကျပ်၊ မန္တလေးမှာ ၂,၇၁၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၈၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၇၅ ကျပ်၊ မန္တလေးမှာ ၃,၃၅၅ ကျပ်၊ နေပြည်တော်မှာ ၃,၃၃၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၅၀,၀၀၀/-) ငါးဆယ် သုံးသိန်း ငါးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၅,၇၈၈,၀၀၀ိ/-) ငါးဆယ် ခုနစ်သိန်း ရှစ်သောင်း ရှစ်ထောင်ကျပ် ရှိနေတယ်လို့ သိရပါတယ်။