AFF Mitsubishi Electric Cup 2024 အင်‌ဒို-မြန်မာ ယှဥ်ပြိုင်ကစားမှုတွင် အင်ဒိုအသင်းက အနိုင်ရရှိ

10 Dec

ဒီဇင်ဘာလ ၉ ရက် ည ၇ နာရီအချိန်မှာ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို အင်‌ဒို-မြန်မာ ယှဥ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းက တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ် ပထမပိုင်းပွဲချိန်အပြီး နှစ်ဘက်အသင်းတို့က ဂိုးသွင်းယူနိုင်ခြင်းမရှိကြဘဲ ဒုတိယပိုင်း ပွဲချိန်ပြီးဆုံးခါနီးမှာ အင်ဒိုအသင်းက တစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် အင်ဒိုနီရှားအသင်း အနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားနေတဲ့ ဥရောပအခြေစိုက် ကစားသမားတချို့ပါဝင်လာပြီး၊ ယင်းအနက် အင်ဒိုနီးရှားလက်ရွေးစင်အသင်းကြီးရှိ ဝါရင့် ကစားသမား ၇ ဦးအထိပါဝင်ခဲ့ပါတယ်။ ပြိုင်ပွဲအတွင်း ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် တီမောအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။(NVS 003)

10 Dec

ADVERTISE HERE .